သားသားမီးမီးတို့ရဲ့ ပညာရေးမှတ်တိုင်တစ်ခု အဖြစ် အားလုံးပါဝင်ဆင်နွှဲခဲ့တဲ့ “𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐒𝐮 𝐒𝐮𝐦𝐦𝐞𝐫 𝐚𝐧𝐝 𝐖𝐄 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 𝟐𝟎𝟐𝟑”
နွေရာသီကာလအတွင်း Teacher Su Special Intensive Summer School (Weekdays) နှင့် Teacher Su Summer Special Program for Project-based Learning (Weekends) အတန်းများကို အောင်မြင်စွာ တက်ရောက်ခဲ့ပြီးနောက် ကျောင်းသားကျောင်းသူများ၏ တိုးတက်ပြောင်းလဲမှုများကို မိဘ/အုပ်ထိန်းသူများ တွေ့မြင်ရပြီးဖြစ်ပါမယ်ရှင့်။

စနေ၊ တနင်္ဂနွေရက်များတွင် English, Maths, Science Cambridge Curriculum များကို သင်ကြားပေးခဲ့သော Teacher Su WE International School တွင် တစ်နှစ်တာလုံး အကောင်းဆုံးကြိုးစားသင်ယူခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများရဲ့ အောင်ပွဲနေ့အမှတ်တရလေးလည်းဖြစ်ပါတယ်ရှင့်။


အခုလိုမျိုး ကြိုးကြိုးစားစားသင်ယူခဲ့ကြတဲ့ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားကျောင်းသူများအတွက် အထူးဂုဏ်ယူလျက်ရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အဘက်ဘက်ကပံ့ပိုးပေးခဲ့ကြတဲ့ မိဘ/အုပ်ထိန်းသူများ၊ ဆရာ၊ဆရာမများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်။


-Teacher Su International School-