𝐓𝐞𝐚𝐜𝐡𝐞𝐫 𝐒𝐮 𝐆𝐫𝐚𝐝𝐮𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐞𝐦𝐨𝐧𝐲 & 𝐀𝐧𝐧𝐮𝐚𝐥 𝐂𝐨𝐧𝐜𝐞𝐫𝐭 𝟐𝟎𝟐𝟑 (𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐏𝐫𝐢𝐦𝐚𝐫𝐲 & 𝐒𝐞𝐜𝐨𝐧𝐝𝐚𝐫𝐲) မှ အမှတ်တရပုံရိပ်များကို ပြန်လည်ရှုစားရင်းပျော်ရွှင်ကြည်နူးဖွယ်အခိုက်အတန့်လေးများကို နှလုံးသားထဲတွင် အမြဲသိမ်းဆည်းထားကြပါစို့
ယခုအခမ်းအနားဟာ တစ်နှစ်တာလုံး စာကိုအကောင်းဆုံးကြိုးစားခဲ့ကြပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကျောင်းရဲ့ပံ့ပိုးမှု Activities တွေ၊ Project တွေမှာလည်း အားတက်သရော ပါဝင်ပေးခဲ့ကြတဲ့ “ကျောင်းသားကျောင်းသူများ”၊ သားသားမီးမီးတို့ပညာရေးအတွက် ဆရာ၊ဆရာမများနဲ့အတူပူးပေါင်းကာ အကောင်းဆုံးပံ့ပိုးပေးခဲ့ကြတဲ့ “မိဘအုပ်ထိန်းသူများ”၊ တစ်နှစ်တာလုံး ပညာရေးတွင် အကောင်းဆုံးသင်ကြားပေးခဲ့မှုသာမက လိမ္မာရေးခြားရှိစေရန် အစစအရာရာ လမ်းညွှန်သွန်သင်ပေးခဲ့သော “ဆရာ၊ဆရာမများ” ၏ “ဆရာ၊မိဘ၊ကျောင်းသား” ၃ ဘက်လုံး လက်တွဲညီညီကြိုးစားအားထုတ်ခဲ့တဲ့ အောင်မြင်မှုများအတွက် အထူးဂုဏ်ပြုတဲ့အနေဖြင့် ပေါ်ပေါက်လာခဲ့တဲ့ Graduation Ceremony ကြီးပဲမဟုတ်ပါလားရှင့်။

“ဆရာ၊မိဘ၊ကျောင်းသား” ၃ ဘက်လုံး လက်တွဲညီညီကြိုးစားအားထုတ်ခဲ့တဲ့ အောင်မြင်မှုများအတွက် အထူးဂုဏ်ပြုတဲ့အနေဖြင့် ပေါ်ပေါက်လာခဲ့တဲ့ Graduation Ceremony ကြီးပဲမဟုတ်ပါလားရှင့်။
တစ်နှစ်တာလုံး မိဘများမှလည်း ကျောင်းသားကျောင်းသူများ၏ တိုးတက်မှုဖြစ်စဉ်များနှင့် အခြေအနေ အရပ်ရပ်အတွက် ဆရာ၊ဆရာမများနဲ့ လစဉ် Consultation များတွင် အကောင်းဆုံးဆွေးနွေးပေးခဲ့ကြသည့်အပြင် မိဘများ၏ ကျောင်းဘက်သို့ အကြံပြုဆွေးနွေးချက်များကိုလည်း ကျောင်းဘက်မှ အစဉ်အမြဲကြိုဆိုကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးခဲ့မှုကြောင့် သားသားမီးမီးတို့ရဲ့ စာသင်နှစ်တစ်နှစ်ဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ (ကျန်ရှိနေသေးသည့်ဓာတ်ပုံများကို ဆက်လက်တင်ဆက်ပေးသွားပါဦးမယ်ရှင့်။)


၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာလည်း ကျောင်းသားကျောင်းသူများအတွက် နိုင်ငံတကာအဆင့်မီပညာရေးကို ဆက်လက်ပေးစွမ်းနိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကျောင်းဘက်မှ အကောင်းဆုံးဆက်လက်ကြိုးစားသွားပါဦးမယ်ရှင့်။
-Teacher Su International School-